ကြံစိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးစီးပွားကဏ္ဍမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သကြားထုတ်လုပ်ဖိုအတွက်သာမက လူသုံးကုန်နဲ့ တိရိစ္ဆာန်အစာတွေအတွက်ပါ အသုံးဝင်တဲ့ "ကြံစိုက်ပျိုးရေးအကြောင်း တစ်စေ့တစ်စောင်း" ကို အောက်ပါအတိုင်း တင်ပြပေးလိုက်ပါတယ်။
၁။ မြေအမျိုးအစားနှင့် ရာသီဥတု
ကြံပင်ဟာ အပူပိုင်းပင်ဖြစ်တဲ့အတွက် နေရောင်ခြည်ကောင်းစွာရရှိဖို လိုအပ်ပါတယ်။
ရေစီးရေလာကောင်းမွန်ပြီး မြေဆီလွှာနက်တဲ့ နုန်းမြေ (သိုမဟုတ်) နုန်းစေးမြေ အမျိုးအစားမှာ အကောင်းဆုံးဖြစ်ထွန်းပါတယ်။
မြေဆီလွှာရဲ့ ချဉ်ငန်ကိန်း pH တန်ဖိုး 6.5 မှ 7.5 အတွင်းရှိပါက အသင့်တော်ဆုံးပါ။
တစ်နှစ်ကို မိုးရေချိန် ၄၀ လက်မမှ ၆၀ လက်မဝန်းကျင် လိုအပ်ပါတယ်။
၂။ မျိုးရွေးချယ်ခြင်းနှင့် စိုက်ပျိုးချိန်
အောင်မြင်တဲ့ ကြံစိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်မှုက အဓိကကျပါတယ်။
အထွက်နှုန်းကောင်းပြီး သကြားဓာတ်များတဲ့ မျိုးများ၊ ပိုးမွှားဒဏ်ခံနိုင်တဲ့ မျိုးများကို ရွေးချယ်ရပါမယ်။
မြန်မာနိုင်ငံမှာ အများအားဖြင့် အောက်တိုဘာ/နိုဝင်ဘာ (ဆောင်းစိုက်) နဲ့ ဖေဖော်ဝါရီ/မတ် (နွေစိုက်) ဆိုပြီး နှစ်မျိုးစိုက်ပျိုးကြပါတယ်။
၃။ စိုက်ပျိုးနည်းစနစ်
ကြံကို အဓိကအားဖြင့် အဆစ်ပါတဲ့ ကြံပိုင်း (Setts) များဖြင့် စိုက်ပျိုးကြပါတယ်။
မြေကို နက်နက်ထွန်ယက်ပြီး မြောင်းဖော်စိုက်ပျိုးရပါတယ်။ မြောင်းတစ်ကြောင်းနဲ့ တစ်ကြောင်း ၃ ပေမှ ၄ ပေခွဲအထိ ခြားသင့်ပါတယ်။
ကြံပိုင်းတွေကို မြောင်းထဲမှာ တစ်ခုနဲ့တစ်ခု ထပ်လျက် (သိုမဟုတ်) ထိပ်တိုက်ထိစပ်လျက် စနစ်တကျ ချထားပြီး မြေပါးပါးပြန်ဖုံးပေးရပါတယ်။
၄။ အပင်ပြုစုစောင့်ရှောက်ခြင်း
ကြံပင်ဟာ အစာအာဟာရ အလွန်ကြိုက်တဲ့ အပင်ဖြစ်ပါတယ်။
နိုက်ထရိုဂျင်၊ ဖော့စဖရပ်နဲ့ ပိုတက်စီယမ် (N, P, K) ပါဝင်တဲ့ မြေသြဇာတွေကို အချိုးကျကျွေးပေးရပါတယ်။
အပင်ငယ်စဉ်မှာ ပေါင်းမြက်တွေက အာဟာရလုယူနိုင်တာကြောင့် အမြဲမပြတ် ရှင်းလင်းပေးဖို လိုပါတယ်။
ကြံပင်တွေ လဲမကျစေဖိုနဲ့ အမြစ်ခိုင်စေဖိုအတွက် အပင်သက်တမ်း ၃ လမှ ၄ လအတွင်း မြေဆီလွှာကို အပင်ခြေရင်းဆီ ဘောင်တင်ပေးရပါတယ်။
၅။ ရေသွင်းခြင်းနှင့် ပိုးမွှားကာကွယ်ရေး
မိုးနည်းတဲ့ဒေသတွေမှာ ၁၀ ရက် ဒါမှမဟုတ် ၁၅ ရက်တစ်ကြိမ် ရေသွင်းပေးဖို လိုအပ်ပါတယ်။
ကြံပင်မှာ အဓိကကျရောက်တတ်တဲ့ ကြံဆစ်ပိုး နဲ့ ယင်ဖြူ တိုကို သတိထားကာကွယ်ရပါမယ်။
🌿ကြံပင်ဟာ စိုက်ပျိုးပြီး ၁၀ လကနေ ၁၂ လအကြာမှာ ခုတ်သိမ်းနိုင်တဲ့ အဆင့်ကို ရောက်ရှိပါတယ်။ ကြံပင်ရဲ့ ထိပ်ဖျားပိုင်းက အရွက်တွေ စတင်ဝါလာပြီး ကြံရိုးက တောက်ပြောင်လာရင် ရိတ်သိမ်းဖို အချိန်တန်ပြီလို ယူဆနိုင်ပါတယ်။
#MacNews #ကြံပင်စိုက်ပျိုးရေး #သကြားနှင့်ကြံသကာ